ဒီတခါတော့ ဝင်းဒိုးမှာ Format
ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့
ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ
မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင်
ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition
ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို
သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို
Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို
ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင်
မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့်
အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့
ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက်
မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့
ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ
ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့
နားလည်ပေးကြပါဗျာ..။
Showing posts with label Window-7 ဆိုင်ရာ. Show all posts
Showing posts with label Window-7 ဆိုင်ရာ. Show all posts
Saturday, June 21, 2014
Subscribe to:
Posts (Atom)
