
အခမဲ့ရပြီး လူသုံးများတဲ့ Antivirus လေးဆိုရင်တော့ MSE ကိုသာ
ညွှန်ကြမှာပါ Windows OS ကို Microsoft က ထုတ်လို့လားတော့မသိပါ
MSE လေးက အခြား Antivirus တွေနဲ့မတူပဲ တကယ် တိတိကျကျ
စစ်ပေးပါတယ် ။ ဒါပေမယ့်လည်း Free ပေးတာဆိုတော့လည်း
Free အလျောက် Kaspersky တို့လို ဘယ်ကောင်းပါ့မလဲ ။
ဘာကြောင့် MSE သုံးကြသလဲဆိုတော့ အခမဲ့ရပါတယ်
နောက်တစ်ချက်က Kaspersky တို့လို CPU , RAM နိမ့်တဲ့စက်တွေမှာ
အရမ်းလေးတာမျိုးမဖြစ်ပါဘူး ။ ဒီတော့ ကျွန်တော်တို့သာမန်အင်တာနက်ဆိုင်တို့
သီချင်းသွင်းတဲ့ DTP လုပ်ငန်းတွေမှာ MSE ကိုသာ အားထားရပါတော့တယ်
ကဲဒါဆို စလိုက်ကြမယ် ကျွန်တော်တို့ စက်အတွက် MSE ကို install
လုပ်ရပါမယ် ။ ဒါပေမယ့် Windowsက Genium ဆိုတဲ့ အမည်းကြီးဖြစ်နေလို့တော့
မရပါဘူး။ သူက Genium ဆို အလုပ်မလုပ်ဘူးလို့ Microsoft က အတိအကျ
ပြောထားပါတယ် ။ ဒီတော့ Activator တွေ ပေါတော့ လုပ်တတ်ကြမှာပါ။
Installer ဖိုင်ကို ဒေါင်းမယ်(windows 7 )
32bit ဆို ဒီမှာ
64bit ဆို ဒီမှာWindows 8 မှာတော့ build in ပါဝင်ပြီးသားဆိုတော့
မလိုအပ်ပါဘူး။
Install လုပ်ပြီးသွားရင်တော့ အင်တာနက်ချိတ်ဆက်ထားတဲ့
ကွန်ပျူတာများဆိုလျှင် update ကိုသွားကာ update button လေးကို
ကလစ်တစ်ချက်နှိပ်ကာ definition File ကို
update လုပ်နိုင်သော်လည်း အင်တာနက်မချိတ်ဆက်ထားတဲ့
စက်တွေအတွက်ဆိုရင် update file လေးကို သီးသန့်ဒေါင်းရပါမယ်
ဒါကို Offline update လို့ခေါ်တာပါ။
32bit အတွက် offline update file ကို ဒီမှာ ဒေါင်းပါ
64bit အတွက် offline update file ကို ဒီမှာ ဒေါင်းပါ
ဒေါင်းပြီးသွားရင်တော့ ရလာတဲ့ ဖိုင်လေးကို မိမိ update လုပ်ချင်တဲ့
စက်မှာ right click နှိပ်၍ Run as Administrator ကို
နှိပ်လိုက်တာနဲ့ update လုပ်ပြီးသားဖြစ်သွားမှာပါ။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ
www.aungkyaw.net