Saturday, June 8, 2013

ဘလော့စ် ပိုင်ရှင် သစ်ထူးလွင် အကြောင်းလေးတစိတ်တဒေသလေးပါ

မိတ်ဆွေများအရမ်းသိခြင်နေတဲ့ "သစ်ထူးလွင်"ဘလောက်ဂါအကြောင်း "အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင် အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည် သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။လားရှိုး၊ ရန် ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူး လွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။ အင်တာနက် ဆိုင် ပိုင်ရှင်၊မဂ္ဂဇင်းအယ် ဒီတာ၊ကုန်သည်၊ နိုင်ငံရေးသ မားစသဖြင့် သူ့ပရိသတ်က အလွှာအသီးသီး က ပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ် ခဲ့တဲ့ ကိုဒီ၊ သိပ်မကြသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက် ကို ဖော်ပြလိုက်ပါတယ်။ ဧရာဝတီ - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။ သစ်ထူးလွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊ Blogger သို့မဟုတ် blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကိုပြောင်းထားတာပါ။ မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။ သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့မှာစတင်ပြီး ပုံမှန်သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရ တဲ့ ပြည်တွင်း ၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့ သတင်းတွေ ကို ဖော်ထုတ်တင်ပြဖို့ နဲ့ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကိုတိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင်ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊ ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေဖို့  ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဧရာဝတီ - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။သစ်ထူးလွင် - ကျနော် အမေရိ ကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင်ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။ အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။ ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ် တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေ နဲ့ ပဲ ပြန်ရေးဖြစ်ပါတယ်။ သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန ၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန ၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ ၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန ဧရာဝတီ - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုး ရွားရွား ခံရသလဲ။ သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေ လက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။ ဧရာဝတီ - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသ လား။ သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။ ကူညီတဲ့သူတွေ ကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။ ဧရာဝတီ - သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။ သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှား ရင်မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်း သင့်သလိုဖော်ပြပေးနေပါတယ်။ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေ ကို ပြည်သူ လူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွား မှာ ဖြစ်ပါ တယ်။ နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင်ဘလော့ဂ်မှာ သတင်းတွေကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊ သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည် သားတွေ ကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ ဧရာဝတီblog ... D.မိုသားမှ ကူးယူခြင်းပါ .... တဆင့် .Golden{ဟင်္သာတ}